
APM ၊ ဂျူလိုင် ၆ / ၂၀၂၃
ပြင်သစ်တိုက်စစ်မှူး အမ်ဘာပေအနီနန့် PSG အသင်းနန့် စာချုပ်သစ် မချုပ်ပါက အသင်းမှ အလွတ်ဖြင့်ထွက်ခွာ ခွင့်ပြု မည်မဟုတ်ဘဲ ဒေဂုနွီရာသီတွင် ရောင်းချလားမည်ဟု ကလပ်အသင်းဥက္ကဋ္ဌ နာဆာအယ်လ် ခီလိုင်ဖီက ဂျူလိုင် ၅ ရက်နိတွင် ပြောကြားလိုက်သည်။
“ကျနော်ရို့၏ ရပ်တည်ချက်က ရိုးယှင်းပါရေ။ အမ်ဘာပေအနီနန့် အသင်းမှာဆက်နီချင်ကေ ကျနော်ရို့ဖက်ကလေ့ ဆက်ထားဖို့အဆင်သင့်ပါ။ ယေကေလေ့ သူ့အနီနန့် အသင်းနန့်စာချုပ်သစ်ချုပ်ဖို့တော့လိုအပ်ပါရေ”ဟု PSG ဥက္ကဋ္ဌ က ဆိုသည်။
ယင်းအပြင်သူက” ကျနော်ရို့အနီနန့် ကမ္ဘာ့အကောင်းဆုံးကဇတ်သမားတယောက်ကို အလကားတော့ ထွက်လားခွင့် မပြု နိုင်ပါ။ သူရာ စာချုပ်သစ်မချုပ်ဆိုကေတော့ ဒေဂုနွီရာသီမှာ ကျနော်ရို့ရောင်းချလားရပါဖို့ ဟု ပြောကြားခသိမ့်သည်။
တိုက်စစ်မှူး အမ်ဘာပေနန့် PSGအသင်းရို့၏ စာချုပ်မှာ ၂၀၂၄ ခုနှစ်တွင် ကုန်ဆုံးမည်ဖြစ်ပြီး ကဇတ်သမားဘက်က
၁ နှစ် ထပ်မံရွီးချယ်ခွင့်ဟိကေလေ့ အမ်ဘာပေက ဆက်မနီချင်သည့်အတွက် ထွက်ခွာလားမည်ဟု အသင်းကို အသိပီးထား ကြောင်း သိရသည်။
အမ်ဘာပေကို ပြင်သစ်တွင်ဆက်ဟိစီရန်အတွက် ပြင်သစ်သမ္မတ အီမန်နူရယ် မက်ခရွန်က တိုက်တွန်း ပြောဆိုလားမည်ဟု ပြီးခသည့်လက ပြောကြားခသည်။
ယေကေလေ့ အမ်ဘာပေက ၎င်း၏အလုပ်အကိုင် ရွီးချယ်မှုအပေါ်တွင် ပြင်သစ်သမ္မတအနီနန့် လွှမ်းမိုးမှုမဟိဟု တုံ့ပြန် ပြောဆိုခသည်။
အမ်ဘာပေသည် ၂၀၁၇ ခုနှစ်တွင် မိုနာကိုအသင်းမှ ယူရိုသန်း ၁၈၀ နန့် PSGသို့ရောက်ဟိလာပြီး အသင်းအတွက် ပွဲပေါင်း ၂၆၀ ပါဝင်ကဇတ်ထားရာ ဂိုးပေါင်း ၂၁၂ ဂိုးသွင်းယူထားကြောင်း သိဟိရသည်။
Source- PSG will sell Mbappe if he doesn’t sign a new contract, club president Al-Khelaifi said/Reuters
Photo- 90min
