
APM၊ ဂျူလိုင် ၆/၂၀၂၃
စပိန်လာလီဂါကလပ်၊ အက်သလက်တီကို မက်ဒရစ်အသင်းသည် လက်စတာစီးတီးအသင်း နောက်ခံလူ ဆိုယွန်ဂျူ ကို ဂျူလိုင် ၅ ရက်နိက အလွတ်ပြောင်းရွှိကြေးဖြင့် ခေါ်ယူလိုက်ကြောင်း သိရသည်။
အက်သလက်တီကိုသည် လက်စတာစီးတီးအသင်းနန့် စာချုပ်သက်တမ်းကုန်ဆုံးလားဗျာယ်ဖြစ်သည့် ဆိုယွန်ဂျူကို ၂၀၂၇ အထိ ၄ နှစ်စာချုပ်ဖြင့် ခေါ်ယူလိုက်ခြင်းဖြစ်သည်။
ဆိုယွန်ဂျူက ဒေကလပ်အသင်းနန့် ၄ ရာသီအထိ တရား ဝင် လက်မှတ်ရွီးထိုးထားပြီးပါဗျာယ် ဟု အက်သလက်တီကို အသင်း၏ တရားဝင် ဝက်ဘ်ဆိုဒ်၌ ရွီးသား ဖော်ပြထားသည်။
အသက် ၂၇ အရွယ် ဆိုယွန်ဂျူသည် ၂၀၁၈ ခုနှစ်တွင် ဖရိုင်းဘတ်အသင်းမှ လက်စတာစီးတီးအသင်းသို့ ရောက် ဟိလာပြီး ပြိုင်ပွဲစုံ ၁၃၂ ပွဲ ပါဝင်ကဇတ်ထားသည့်အပြင် အသင်းနန့်တတူ FA Cup နန့် ကွန်မြူနတီ ဒိုင်းတိကို ဆွတ်ခူးရဟိအောင် စွမ်းဆောင်နိုင်ခသူ ဖြစ်သည်။
Source Atletico Madrid confirm arrival of defender Caglar Soyuncu
Photo – The Sun
