
APM၊ ဂျူလိုင် ၆/ ၂၀၂၃
အရှိတီမောနိုင်ငံ၏ ဝန်ကြီးချုပ်သစ်နန့် အစိုးရအဖွဲ့ဝင်များ ကျမ်းသစ္စာကျိန်ဆိုပွဲသို့ တက်ရောက်ရန် အမျိုးသား ညီညွတ်ရီး အစိုးရ (NUG)အား တရားဝင်ဖိတ်ကြားသည့်အပေါ် ကန့်ကွက်ရှုံ့ချကြောင်း စစ်ကောင်စီ၏ နိုင်ငံခြားရီးဝန်ကြီးဌာနက ဂျူလိုင် ၅ ရက်နိတွင် ပြောကြားသည်။
စစ်ကောင်စီ၏ နိုင်ငံခြားရီးဝန်ကြီး ဌာနသည် ရန်ကုန်ဟိ တီမောလက်စ်တက်သံရုံး၏ ယာယီတာဝန်ခံMr. Avelino Fernandes Ximenes Pereira အား ဖိတ်ခေါ်၍ ပြီးခသည့် ဂျူလိုင် ၁ရက်နိ ကျင်းပပြုလုပ်ခသော (၉)ကြိမ်မြောက် အရှိတီမော ဝန်ကြီးချုပ်အသစ်နန့် အစိုးရအဖွဲ့ဝင်များ ကျမ်းသစ္စာကျိန်ဆိုပွဲသို့ အကြမ်းဖက် အဖွဲ့အဖြစ်ကြေညာထားသည့် NUG ကိုယ်စားလှယ်များကို ဖိတ်ကြားတက်ရောက်စီခြင်းနန့်ပတ်သက်၍ အရှိတီမောအစိုးရ၏ လုပ်ဆောင် ချက်အပေါ် ကန့်ကွက်ကြောင်းနန့် ယင်းသို့တွိဆုံမှုမျိုး နောင်တွင်မပြုလုပ်ရန် တိုက်တွန်းခကြောင်း ဆိုသည်။
ယင်းအပြင် အရှိတီမောအစိုးရ၏ NUGကို ဖိတ်ကြားခြင်းသည် မြန်မာပြည်အတွင်း NUG ကျူးလွန်နီသည့်အကြမ်းဖက် လုပ်ရပ်များကို အားပီးအားမြှောက်လုပ်ရာရောက်ကြောင်းနန့် မြန်မာပြည်၏အကြမ်းဖက်မှု တိုက်ဖျက်ရီးဆိုင်ရာ နိုင်ငံတကာစာချုပ်များကို ဖောက်ဖျက်ရာရောက်ကြောင်းပါသည့် သတိထောက်လွှာတစောင်ကိုလေ့ အရှိတီမော သံရုံးယာယီတာဝန်ခံအား ပီးအပ်ခကြောင်း စစ်ကောင်စီ၏ နိုင်ငံခြားရီးဝန်ကြီးဌာနက ဆိုထားသည်။
Photo – စစ်ကောင်စီနိုင်ငံခြားရီးဝန်ကြီးဌာန
