
APM ၊ ဧပြီ ၂၁ / ၂၀၂၃
နည်းပြမော်ရင်ဟိုကိုင်တွယ်နီသည့် ရိုးမားအသင်းသည် ဧပြီ ၂၁ ရက်နိယှက်ပြိုင်ခသည့် ယူရိုပါလိဂ်ပွဲတွင် နယ်သာလန် ကလပ် ဖီယင်နုအသင်းကို အချိန်ပို၌ ၂ ဂိုးသွင်းနိုင်ခ၍ နောက်တဆင့် ဆီမီးဖိုင်နယ်သို့ တက်ရောက်လားခသည်။
ပွဲချိန် မိနစ် ၉၀ တွင် ၂-၂ ဂိုးစီ သရေကျနီ၍ အချိန်ပိုထပ်ကဇတ်ခရာ စတီဖန်အယ်လ်ရှာရာဝီနန့် လော်ရန်ဇိုပယ်လီဂရီနီရို့က တယောက်တဂိုးစီ သွင်းယူခ၍ နှစ်ကျော့ပေါင်းရလဒ် ၄-၂ ဂိုးနန့် ရို့မားအသင်း ဆီမီးဖိုင်နယ်သို့တက်ရောက်ခသည်။
ဆီးမီးဖိုင်နယ်သို့တက်ရောက်ခြင်းနန့်ပတ်သက်၍ ပြီးခသည့်ရာသီက ကွန်ဖရင့်လိဂ်ဖလားကို ဆွတ်ခူးပီးထားသည့် ပေါ်တူဂီ နည်းပြ မော်ရင်ဟိုက ၎င်းကဇတ်သမားများအား ချီးမွမ်းစကားပြောကြားခသည်။
“ဒေနိပွဲက ကိုင်တွယ်ရခက်တေပွဲစဉ်ပါ။ ကျနော့်ကဇတ်သမားတိကလေ့ အေပွဲကိုကောင်းကောင်းကဇတ်နိုင်ခ ကတ်ပါရေ။ ပရိသတ်တိကတော့ ပျော်ရွှင်နီကတ်ဖို့ သေချာပါရေ”ဟု ပွဲအပြီးတွင် Sky Sport အီတလီသို့ပြောဆိုခသည်။
ရိုးမားအသင်းသည် ဆီမီးဖိုင်နယ်မှာ ဘိုင်ယာလေဗာကူဆင်နန့် မေလ ၁၁ ရက်နန့် ၁၈ ရက်နိများတွင် အိမ်ကွင်း၊ အဝီးကွင်း နှစ်ကျော့ ယှဥ်ပြိုင်ရမည်ဖြစ်သည်။
Source – Roma advanced to the semis with overtime goals
Photo – Slovenia Posts English
