APM ၊စပ်တမ်ဘာ ၂၆/၂၀၂၂
အကြမ်းဖက်စစ်ကောင်စီတပ်က ဖမ်းယူလားခသည့် ဘူးသီးတောင်မြို့နယ်က သပိတ်တောင်(ရက္ခိုင်)ရွာသား (၆) ယောက်အား လက်ဟိ အချိန်ထိ မိသားစုများနန့် အဆက်အသွယ်မရဘဲ သတင်းအစအနမရ ပျောက်ဆုံးနီကြောင်း သိရသည်။
အကြမ်းဖက်စစ်တပ်၏အဖမ်းအဆီးခံရပြီးနောက် ပျောက်ဆုံးနီသူများမှာ ဦးမောင်ဖြူ(၃၅နှစ်)၊ ဦးရွှေထွန်း(၃၈နှစ်)၊ ဦးညွန်းဝင်း(၃၅နှစ်)၊ ဦးမောင်မျိုးဝင်း(၃၇နှစ်)၊ ကိုထွန်းသာလှ(၂၄နှစ်)နန့်မောင်သန်းထွန်းအောင်(၁၆နှစ်)ရို့ဖြစ်ကတ်ပြီး၊ သူရို့ကို ဘူးသီးတောင်မြို့နယ်၊ တင်ဆက်(မူဆလင်)ရွာနား၌အခြီစိုက်သည့် အကြမ်းဖက်စစ်ကောင်စီတပ် ခမရ(၂၁၀) တပ်ရင်းမှတပ်ဖွဲ့ဝင်များက စပ်တမ်ဘာ ၂၄ ရက်နိတွင် ဖမ်းဆီးလားခသည်။
ယင်းနောက် အဆိုပါစစ်ကောင်စီတပ်ဖွဲ့ဝင်များက သူရို့ ၆ ယောက်ကို နခခ (၈)တပ်ရင်းသို့ လက်ပြန်ကြိုးတုပ်လျက် ရက်ရက် စက် စက် ဖမ်းဆီးရိုက်နှက် ခေါ်ဆောင်လားခသည်။
ယင်းစစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စပ်တမ်ဘာ ၂၃ ရက်နိ ညည့် ၉ နာရီခန့်တွင် သပိတ်တောင်(ရက္ခိုင်)ရွာကို မီးတိုက်ခကတ်ပြီး၊ မိုးလင်းသည်နန့် တပြိုင်နက် သပိတ်တောင်ရွာ ဘုန်းကြီးကျောင်း၌ တိမ်းယှောင်လျက်ဟိသော အဆိုပါရွာသား ၆ ယောက်အား မတရား ဖမ်းဆီးခခြင်းဖြစ်သည်။
ယင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ လူမဆန်စွာ မီးတိုက်ဖျက်ဆီးမှုကြောင့် သပိတ်တောင်(ရက္ခိုင်) ရွာ၌ လူနီအိမ် တချို့ မီးလောင်ပြာကျ လားခကြောင်းလေ့ သိဟိရပါသည်။
(Zawgyi)
အကြမ်းဖက်စစ်တပ် ဖမ်းလားခသည့် ဘူးသီးတောင်မြို့နယ်က သပိတ်တောင်ရွာသား ၆ ယောက်အား မိသားစုများ သတင်း အစအနမရ ပျောက်ဆုံးနီ
APM ၊စပ်တမ်ဘာ ၂၆/၂၀၂၂
![](https://arakanprincess.media/wp-content/uploads/2022/09/photo_2022-09-24_14-51-18-1-1024x486.jpg)