APM ၊ ဧပြီ ၉ / ၂၀၂၃
မန်စီးတီးသည် ဧပြီ ၈ ရက်နိက ဆောက်သမ်တန်ကို ၄ ဂိုး ၁ ဂိုးဖြင့် အနိုင်ရခသည့် ပွဲစဉ်တွင်အသင်းအတွက် အနိုင်ဂိုး ၂ ဂိုးကို တိုက်စစ်မှူး ဟာလန်းက သွင်းယူခပြီးနောက် နည်းပြ ဂွါဒီယိုလာက ဟာလန်း၏ စွမ်းဆောင်ရည်မှာ လီယွန်နယ် မက်ဆီ၊ ခရစ္စတီယာနို ရော်နယ်ဒိုရို့နန့် အဆင့်တူကြောင်း ချီးကျူးပြောဆိုလိုက်သည်။
မန်စီးတီးအတွက် အနိုင်ဂိုးများကို ပွဲချိန် ၄၅ မိနစ်နန့် ၆၈ မိနစ်တွင် ဟာလန်းက ၂ ဂိုး သွင်းယူပီးခပြီး၊ ပွဲချိန် ၅၆ မိနစ်တွင် ဂရီးလစ်ရှ်၊ ပွဲချိန် ၇၅ မိနစ်တွင် အယ်လ်ဗာရက်ဇ်ရို့က အသီးသီး သွင်းယူပီးခသည်။
“ဒေပွဲမှာ ဟာလန်သွင်းယူခရေ ဒုတိယဂိုးက မယုံနိုင်လောက်အောင် အံ့ဩဖို့ကောင်းပါရေ။ ဘောလုံးကို လီထဲမှာ ဖမ်းထိန်းပြီး သူလုပ်ပြစွာပိုင်လုပ်နိုင်ဖို့က မလွယ်ပါ။ သူ့ စွမ်းဆောင်ရည်က မက်ဆီ ၊ ရော်နယ်ဒို ရို့နန့် အဆင့်တူ ဖြစ်နီပါယာ” ဟု ဂွါဒီယိုလာက ချီးကျူးပြောဆိုခသည်။
အသက် ၂၂ အရွယ် တိုက်စစ်မှူးဟာလန်းသည် အဆိုပါပွဲစဉ်တွင် မန်စီးတီးအတွက်အနိုင်ဂိုးများ သွင်းယူခပြီး နောက် တရာသီအတွင်း ပရီးမီးယားလိဂ်သွင်းဂိုး ၃၀ ပြည့်မြောက်ခသည်။
လက်ဟိတွင် မန်စီးတီးအသင်းသည် ဟာလန်း၏ သွင်းဂိုးများနန့်အတူ ဒေဂုရာသီပရီးမီးယားလိဂ်တွင် ရမှတ် ၆၇ မှတ်ဖြင့် ဒုတိယနီရာ၌ ရပ်တည်နီသည်။
Source – Haaland on the same level as Messi, Ronaldo, says Guardiola
Photo – Sportskeeda
