
APM ၊ မေ ၂၀/ ၂၀၂၄
သံတွဲမြို့နယ်မာ ဒေနိ(မေ၂၀ ရက်နိ)နိခင်းပိုင်းက အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီးနန့် လူမဆန်စွာ ယမ်းကားပစ်ခတ်လို့ အချေတယောက်သီဆုံးလားပြီးကေ ၃ ယောက် ထိခိုက်ဒဏ်ရာရလားရေလို့ သိရပါရေ။
သီဆုံးလားခရေ အချေစွာ သံတွဲမြို့နယ်၊ရွှီလှီတိုက်နယ်၊ခမောင်းတုန်းရွာက မောင်ဘိုအောင်တင်(၈ နှစ်)ဖြစ်ပြီးကေ ဒဏ်ရာရလားရေ လူတိကတော့ ၆ နှစ်အရွယ်အချေ တယောက်အပါအဝင်ဒေသခံအမျိုးသားတယောက်နန့် အမျိုးသမီးတယောက်ရို့ ဖြစ်ပါရေ။
ဒေနိ၊နိခင်း ၁၁နာရီ၃၀မိနစ်လောက်က ဖက်ဆစ် အကြမ်းဖက်စစ်ကောင်စီ၏ ကွမ်းဝိုင်းရီတပ်စခန်းက သံတွဲမြို့နယ်အတွင်းသို့ လက်နက်ကြီးတိ ယမ်းကားပစ်ခတ်ခပါရေ။
ယင်းပိုင်ယမ်းကားပစ်ခတ်လိုက်တေ လက်နက်ကြီးကျည်တိစွာ ခမောင်းတုန်းရွာစာသင်ကျောင်းအနောက်ဖက်မာ ကျရောက်ပေါက်ကွဲခပြီးကေ ယင်းနီရာမာဟိနီရေ မောင်ဘိုအောင်တင်ကို လက်နက်ကြီးကျည်စထိမှန်ပနာ နီရာမာပင် ဂွင်းချင်းသီဆုံးလားခပါရေ။
ယင်းအပြင် အနားဟိ အချေတယောက်နန့် အခြားပြစ်မဲ့ပြည်သူ ၂ ယောက်ရို့လည်း ကျည်စထိမှန်ပနာ ထိခိုက်ဒဏ်ရာ ရဟိလားရေလို့ ဒေသခံတိက ပြောပါရေ။
လက်ဟိ ဒဏ်ရာရအပြစ်မဲ့ပြည်သူတိစွာ အရေးပေါ် ဆီးကုသမှုခံယူလျက်ဟိကြောင်းသိရပါရေ။
