APM ၊ ဧပြီ ၂၆ / ၂၀၂၃
ရမ်းဗြဲမြို့နယ်တွင် မြန်မာစစ်တပ်က ၎င်းရို့ပိုင် စစ်ရီယာဉ်(နေဗီ)များ စခန်းချရပ်နားမည့် ကျောက်တိုင်များကို အနီးအနားဟိ ပိုက်ဆိပ်များနန့် ရပ်ရွာသားများအား ငွေမပီးဘဲ အတင်းအဓမ္မစီခိုင်းမှုများပြုလုပ်ခကြောင်း ဒေသခံ ရွာသားများပြောကြား ချက်အရ သိရသည်။
ယင်းမြန်စစ်တပ်စစ်ရီယာဉ်သည် ရမ်းဗြဲမြို့နယ်ဟိ စပါးကြီးကျွန်းကြားနန့်ဖက်ချာကျွန်းကြား၊ ရမ်းဗြဲမြို့ချောင်းဝ (ရန်မော်) ၊ အင်းတော်ချေဂျိုင်(ဖက်ကျရွာအောက်)စသည့် နီရာ ၃ ခုကို ၃ လခန့်ကြာ လှည့်လည်ကင်းလှည့် နီထိုင်ခပြီး ဧပြီ ၂၅ ရက်နိက စစ်တွေဖက်သို့ ပြန်လည်ထွက်ခွာလားသည်။
၎င်းရီယာဉ်ကင်းလှည်ရာ နီရာ ၃ ခု၌ စစ်ရီယာဉ်ရပ်နားရန်အတွက် တနီရာတွင် ကျောက်တိုင် နှစ်တိုင် စိုက်ခရပြီး ယင်းကျောက်တိုင်များစိုက်ရန်လေ့ မြန်မာစစ်တပ်ဖက်က ငွေထုတ်ပီးခြင်းမဟိဘဲ အနီးအနားဟိ ပိုက်ဆိပ်များနန့် ရပ်ရွာများ မှ ရွာသားများကို ငွေအကုန်အကျခံပြုလုပ်ပီးရန် အတင်းအကျပ် ခြိမ်းခြောက်ခိုင်းစီခကြောင်း ဒေသခံရွာသားများက ပြောသည်။
စပါးကြီးကျွန်းကြားနန့်ဖက်ချာကျွန်းကြား နီရာကို ဒိုးပါတီပိုက်ဆိုက်မှ ဒေသခံများက ပြုလုပ်ခကတ်ရပြီး၊ အင်းတော်ချေ ဂျိုင် (ဖက်ကျရွာအောက်)နီရာကို ဖက်ကျရွာအုပ်ချုပ်ရီးမှူးနန့် ရွာသား ၈ ယောက်ရို့ ပြုလုပ်ခရသည့် အပြင် ရမ်းဗြဲမြို့ ချောင်းဝ (ရန်မော်) နီရာကိုတော့ ရမ်းဗြဲပိုက်ဆိပ်တွင်နီထိုင်သူ ၁၈ ယောက်က ပြုလုပ်ခရပြီး တနီရာအတွက် ကျောက်တိုင် နှစ်တိုင်ခကုန်ကျစရိတ် ၃ သိန်းကျပ်စီကုန်ကျသည်ဟုဆိုသည်။
ယင်းအပြင် ရမ်းဗြဲမြို့ချောင်းဝ(ရန်မော်)နီရာတွင် အဆိုပါစစ်ရီယာဉ် စခန်းချရပ်နားထားလျှင် ယင်းရမ်းဗြဲပိုက်ဆိပ် တွင်နီသူများက တရက်ကို သောက်ရီသန့် ဗူးကြီး ၅ ဗူးကျစီ ပို့ပီးခရကြောင်းလေ့ ဒေသခံများကပြောသည်။
အလားတူ ယင်းစစ်ရီယာဉ်မှ တပ်ဖွဲ့ဝင်များသည် မြစ်အတွင်းလားလာနီသည့် စက်လှီ၊ ဘုတ်သမားများ ကိုလေ့ ရီယာဉ်သို့ လားကတ်ခိုင်းကာ ငွေတောင်းခံမှုများပြုလုပ်ခသည်အပြင် ယင်း စက်လှီ၊ ဘုတ်များ လာကပ်ချိန် ၌ အချိန်မထိန်းနိုင်ဘဲ ရီယာဉ် တိုက်မိလျှင် ဘုတ်ပိုင်သျှင်ကို လက်ပြန်ကြိုးတုတ်ကာ ရီယာဉ်ဦး၌ ဒူးထောက်နီ ပူခံထားခကြောင်းလေ့ သိရသည်။