APM ၊ ဂျူလိုင် ၂၉ / ၂၀၂၃
မြောက်ကိုရီးယား၏ ကိုရီးယားစစ်ပွဲပြီးဆုံးသည့် နှစ် (၇၀)ပြည့်အခမ်းအနားအဖြစ် ပြုံယမ်း၌ ကျင်းပသည့် လက်နက် ပြပွဲတွင် နောက်ဆုံးပေါ် နျူကလီး ယား ဒုံးကျည်များနန့် တိုက်ခိုက်ရီးဒရုန်းသစ်များကိုပြသထားကြောင်း နိုင်ငံပိုင် KCNA သတင်းအေဂျင်စီက ဂျူလိုင် ၂၈ ရက်နိတွင် ဖော်ပြသည်။
အဆိုပါ စစ်ရီးပြပွဲအခမ်းအနားကို”မြောက်ကိုရီးယားအောင်ပွဲနိ”အဖြစ်သတ်မှတ်ကျင်းပခြင်းဖြစ်ပြီး နောက် ဆုံးပေါ် နျူကလီးယားလက်နက်များဖြစ်သည့် ဟွာဆောင် – ၁၇ နန့် ဟွာဆောင်- ၁၈ တိုက်ချင်းပစ်ဒုံးကျည်များကို ပြသခသည်။
အဆိုပါဒုံးကျည်များသည် အမေရိကန်နိုင်ငံအတွင်း ဇာပစ်မှတ်ကိုမဆို ပစ်ခတ်နိုင်သည်ဟု အယူဟိသည်။
ယင်းအပြင် နောက်ဆုံးပေါ်တိုက်ခိုက်ရီးဒရုန်းအသစ်များနန့် ထောက်လှမ်းရီးဒရုန်းများကိုလေ့ ပြသခသည်။
ကိုရီးယားစစ်ပွဲပြီးဆုံးခြင်း နှစ် (၇၀) ပြည့် အခမ်းအနားသို့ ရုသျှကာကွယ်ရီးဝန်ကြီး ဆာဂီချိုင်ဂူးနန့် တရုတ်ကွန်မြူ နစ်ပါတီ၏ ပေါ်လစ်ဗျူရိုအဖွဲ့ဝင် လီဟောင်ဂျုံလေ့ တက်ရောက်ခသည်။
လက်နက်ပြပွဲမလုပ်ခင် ဂျူင် ၂၆ ရက်နိက မြောက်ကိုရီးယားဂေါင်းဆောင် ကင်ဂျုံအန်းနန့် ရုသျှကာကွယ်ရီးဝန်ကြီး ဆာဂီ ချိုင်ဂူးရို့သည် နှစ်နိုင်ငံ ဒေသတွင်း လုံခြုံရီးနန့်စစ်ရီးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရန် ဆွေးနွေးသဘောတူခကတ်ကြောင်း KCNA က ဖော်ပြသည်။
Source – Russian, Chinese officials join Kim at North Korea military parade
Photo Reuters