
APM ၊ ဩဂတ်စ် ၁၀/ ၂၀၂၃
စင်ကာပူနိုင်ငံ၏ အဓိက ဘဏ်တခုဖြစ်သည့် United Overseas Bank (UOB) သည် မြန်မာပြည်မှ ဘဏ်လုပ်ငန်း အဆက်အသွယ် များနန့် ဆက်ဆံရီးကို လာမည့် စပ်တမ်ဘာ ၁ ရက်နိမှစ၍ ရပ်တန့်လားမည်ဖြစ်ကြောင်း Nikkei Asia သတင်းတွင် ဖော်ပြသည်။
မြန်မာပြည်တွင် အရပ်သားများကို မြန်မာစစ်တပ်က စစ်ရာဇဝတ်မှုများဆက်လက်ကျူးလွန်နီကြောင်း ကုလသမဂ္ဂ၏ စုံစမ်းစစ်ဆီးရီးအဖွဲ့က အစီရင်ခံထုတ်ပြန်ပြီးနောက် ရက်ပိုင်းအကြာတွင် ဒေပိုင်ဆုံးဖြတ်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
UOB ဘဏ်အနီနန့် မြန်မာပြည်မှ ဘဏ်များကတဆင့် ငွေသွင်းငွေထုတ်အားလုံးကို ကန့်သတ်မည်ဖြစ်ပြီး မြန်မာ အကောင့်များမှ ငွေသွင်း ငွေလွှဲခြင်းများကိုပါ ပိတ်သိမ်းလားမည်ဖြစ်ကာ UOB အကောင့် အချင်းချင်းရာ ခွင့်ပြုမည်ဟု ဆိုသည်။
ယင်းအပြင် အကြွီးဝယ်ကတ် Visa နန့် Master Card များကိုထိန်းချုပ်လားမည်ဖြစ်ပြီး မြန်မာဘဏ်များ နိုင်ငံခြားငွေ လက်ခံနိုင်အောင် လက်ခွဲဖွင့်ထားသည့် ဟောင်ကောင်မှ Nostro ဘဏ်အကောင့်ကိုလေ့ ပိတ်သိမ်းရန် အကြောင်း ကြားထားကြောင်း ဖော်ပြထားသည်။
UOB ဘဏ်သည် မြန်မာစစ်တပ်အကြီးအကဲများ၊ စီးပွားရီးလုပ်ငန်းသျှင်များ အဓိကအသုံးပြုသည့် ဘဏ်တခုဖြစ်ပြီး စင်ကာပူသည် မြန်မာစစ်တပ်အတွက် လက်နက်များတင်ပို့ရာတွင် ကြားခံတခုဖြစ်နီကြောင်း ကုလ အထူးကိုယ်စားလှယ် တွန်အန်ဒရူးက ပြောဆိုခပြီးနောက် ဒေဂုပိုင် ဆက်ဆံရီး ဖြတ်တောက်လားခြင်းဖြစ်သည်။
Source – Key Singapore bank UOB moves to cut off Myanmar
Photo The Straits Times
