
APM ၊ ဂျန်နဝါရီ ၂ / ၂၀၂၃
ပုဏ္ဏားကျွန်းမြို့နယ်တွင် ဒေနိ(ဂျန်နဝါရီ ၂ ရက်နိ) မိုးထက ကားတိုက်မှုဖြစ်၍ စစ်ဖီးယှောင်အမျိုးသမီးတဦး ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာရလားခကြောင်း သိရသည်။
ဒဏ်ရာရလားခသူမှာ ကျောက်တော်မြို့နယ်၊ကွမ်းအုံစုရွာဇာတိဖြစ်ပြီး လက်ဟိ ပုဏ္ဏားကျွန်းမြို့နယ်ဂဏန်းတောင် ဘူတာ စစ်ဖီးယှောင်စခန်း၌ ခိုလှုံနီသူ ဒေါ်သန်းနုချေ (၅၅ နှစ်) ဟု သိရသည်။
ဒေါ်သန်းနုချေသည် ဒေနိမိုးထ ၁၁ နာရီခွဲခန့်က ၎င်းနီထိုင်ရာ စစ်ဖီးယှောင်စခန်းမှ စစ်တွေ-ရန်ကုန် အဝီးဗြီး လမ်းမ အတိုင်း ဟင်းရှာရန် ထွက်ခွာလာစဉ် ပုဏ္ဏားကျွန်းမြို့နယ် အောင်မင်္ဂလာရွာနားအရောက်၌ ဟိုင်းဂျက်ကား အဖြူရောင်တစီးမှ ဝင်တိုက်မိခခြင်းဖြစ်သည်။
ယင်းကားတိုက်မှုဖြစ်စဉ်အတွင်း ဒေါ်သန်းနုချေ၏ ဦးဂေါင်းနန့် ညာဖက်လက်တွင် ထိခိုက်ဒဏ်ရာ ရလားကာ၊ ဦးဂေါင်းမှာ ဒဏ်ရာပြင်းထန်၍ ယိုးတရုပ်တိုက်နယ်ဆီးရုံသို့ ပိုဆောင်လျက် အရေးပေါ်ဆီးကုသမှု ခံယူနီရကြောင်း သိဟိရပါသည်။
