APM၊ အောက်တိုဘာ ၁၀/၂၀၂၂
စစ်ကောင်စီတပ်က ဖမ်းဆီးလားခသည့် ကျောက်ဖြူမှ အပြစ်မဲ့အရပ်သားပြည်သူ ၃ ယောက်နန့် မိသားစုဝင်များ လက်ဟိအချိန်ထိ လုံးဝအဆက်အသွယ်မရသိမ့်ကြောင်း သိရသည်။
အဖမ်းခံထားရသူ ၃ ယောက်မှာ ကျောက်ဖြူမြို့၊ အစိုးရရပ်ကွက်မှ ဦးသိန်းဝင်း၊ ဦးညီညီမျိုးထွန်း နန့် ဦးမျိုးမင်းနိုင်(ခ)ချထူး ရို့ဖြစ် ကတ်ပြီး၊ သူရို့ ၃ ယောက်ကို ကုန်ခသည့် အောက်တိုဘာ ၇ ရက်နိက ကျောက်ဖြူအခြီစိုက် စစ်ကောင်စီတပ် ခလရ(၃၄) တပ်ရင်းမှ တပ်ဖွဲ့ဝင်များ အရပ်ဝတ်များဝတ်ဆင်လျက် ရပ်ကွက်အတွင်းသို့ စီးနင်းဝင်ရောက်ရှာဖွီမှုများပြုလုပ်ကာ ခလရ(၃၄) တပ်ရင်းထဲသို့ ဖမ်းဆီးခေါ်ဆောင်လားခသည်။
ယင်းသို့ ဖမ်းဆီးခေါ်ဆောင်လားခပြီးနောက် ၃ ရက်ခန့်ကြာလာသည့်အထိ လုံးဝအဆက်မသွယ်မရဘဲ အတင်းအစအနမရ ဖြစ်နီ သည်ဟု ၎င်းရို့၏ မိသားစုဝင်များက ဆိုသည်။
စစ်ကောင်စီတပ် ခလရ(၃၄)တပ်ရင်းသည် စပ်တမ်ဘာ ၇ရက်နိမှ အောက်တိုဘာ ၇ရက်နိအထိ တလတာ ကာလအတွင်း ကျောက်ဖြူမှ အပြစ်မဲ့ အရပ်သားပြည်သူ ၂၁ ယောက်ထက်မနည်းကို ဖမ်းဆီးထိန်းသိမ်းထားပြီး၊ ၎င်းရို့အား ပုဒ်မ ၅၀၅ (က)၊ ပုဒ်မ ၁၇/၁ ရို့နန့် မတရားသဖြင့် အမှုဖွင့်တရားစွဲဆိုလျက်ဟိကြောင်း သိဟိရသည်။
(Zawgyi)
စစ်ကောင်စီတပ် ဖမ်းဆီးလားခသည့် ကျောက်ဖြူမှ အပြစ်မဲ့ပြည်သူ ၃ ယောက်နန့် မိသားစုဝင်များ အဆက်အသွယ်မရ
APM၊ အောက်တိုဘာ ၁၀/၂၀၂၂